အနံ့ပျောက်တာ (-) ရက်ရှိပြီ၊ဘာဆေးသောက်ရမှာလဲ။ ဘယ်ချိန်ဆိုအနံ့ပြန်ရလာလဲ။ ဘာစားရမှာလဲ။
အနံ့ပျောက်တာအတွက် သီးသန့်ဆေးသောက်စရာမလိုပါ ။ နာခေါင်းပိတ်လျင် အစက်ချသည့် afrin drops or physiodose တို့ကို အသုံးပြုနိုင်ပါသည်။
( အနံ့ပျောက်တာဟာ covid လို့တပ်အပ်ပြောလို့ရတဲ့ အချက်တေထဲက တစ်ချက်ပါ။ အနံ့ပျောက်သူများကို မည်သူနဲ့မ မထိတွေ့စေလိုပါ။)
ဖျားတာက (-)ရက်ရှိပြီ၊အဖျားလုံးဝမကျဘူး၊ဆေးသောက်တုန်းခဏပဲ ပြန်ပြန်တက်တယ်၊ အဲ့တာဘာဆေးဆက်သောက်သင့်လဲ။
အဖျားမကျလျင် paracetamol-500 ကို ၄နာရီခြားတစ်ခါ သောက်နိုင်ပါတယ်။ (အဖျားကအတက်အကျခဏခဏဖစ်နေတက်ပါတယ်။ အရမ်းမစိုးရိမ်ကျပါနဲ့။ ဆေးသောက်ရင်းနဲ့ သက်သာလာလမ့်မယ်။)
ပိုးသတ်ဆေး antibiotic သောက်သင့်လား။
ပိုးသတ်ဆေးတွေက သောက်ရမဲ့ course and dose တွေကြာင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်စေချင်ပါဘူး။ နီးစပ်ရာ ဆရာ၀န် or webpage ကဖုန်းနံပါတ်တင်ထားတဲ့ ဆရာ၀န်ထဲက တစ်ယောက်ယောက်ကို မေးပြီးမှ ညွန်ကြားသည့် အတိုင်းသောက်ပါ။
ချောင်းဆိုးတာဘာဆေးသောက်ရမလဲ၊ ဘယ်နှစ်ကြိမ်သောက်ရမှာလဲ။
ချောင်းဆိုတာက
- bronchest ၃ကြိမ်
- Flemnil 10Ml × ၃ကြိမ်
- Ascoril 10ml × ၃ကြိမ်
- solvin × ၃ကြိမ်
- Solmux × ၃ကြိမ်
အကုန်သောက်စရာမလိုပါ။
အလျင်းသင့်သလို အဆင်ပြေတာတေ သောက်လို့ရပါတယ်။ ကလေးငယ်များနင့် ကိုယ်၀န်ဆောင်များအတွက် ဆရာ၀န်နင့် ဆွေးနွေးစေချင်ပါတယ်။
Oxygen က 90% လောက်ပဲရှိတယ် ဒါပေမယ့်မောတာကျပ်တာမရှိဘူး၊ ဘာလုပ်သင့်လဲ။
Side sleeping and prone position တွေနဲ့ ကြိုးစားကြည့်ပါ။ ပန်းနာရင်ကျပ်သမားများနင့် နာတာရည်အဆုတ်လေပြွန်ယောင် ရောဂါသည်များက ပုံမန်အောက်ဆီဂျင် level ကျနေတက်ပါသည်။
Oxygen က မကျဘူး၊ ဒါပေမယ့်မောတယ်ဆရာ။
ရောဂါအခံကြောင့် ဖြစ်နိုင်ချေများတယ်။ ကြောက်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။
သွေးပေါင်ချိန်က ၁၀၀/၆၀ ပဲဖြစ်နေတယ်၊ ဓါတ်ဆားလည်းတစ်ရက် ၂ ထုပ်တိုက်တယ်၊ မတက်လာဘူး။
အစာနည်းလို့ပါ။ အစာကို၀င်အောင်စားပေးဖို့လိုလိမ့်မယ်။ အဲ့တာမ ခွန်အားတေရမာမလို့ပါ။ (အစာမ၀င်ဘူးဆိုပီး မစားဘဲထားလျင် ပိုဆိုးလာမယ်။ ဂျင်းပြုတ်ရည်တို့ ကြက်သွန်ဖြူတို့လို သုများလျောက်ရေးတာတေကိုကျတော့ ရအောင်စားကျပီး စားသင့်တဲ့ဟာတေကို မစားတာပိုတောင် မဖစ်သင့်ဘူး။)
အားဆေး ဘာဆေးတွေသောက်သင့်လဲ။
ဒါလဲ side effects ပါနိုင်တာကြောင့် ဆရာ၀န်နဲ့ ဆွေးနွေးစေချင်ပါတယ်။
ညည အိပ်မပျော်ဘူး။ အိပ်ဆေးသောက်သင့်လား။
အဆိုပါ မေးခွန်းအတွက် အဖြေမရှိသေးပါ။ [email protected] သို့ mail ပို့၍သော်လည်းကောင်း၊ Oxygen.neptunemm.com Facebook Page သို့ message ပို့၍သော်လည်းကောင်း ကူညီဖြေဆိုပေးနိုင်ပါသည်။
အိမ်ကိုလာကြည့်ပေးလို့ရမလား။
လာကြည့်ပေးလို့တော့ အဆင်မပြေပါဘူး။ website မှာဆက်သွယ်ပြီးမေးလို့ ရမယ့် doctors တွေနံပါတ်တော့ ထည့်ပေးထားပါတယ်။
အနံ့ပျောက်တဲ့သူနဲ့တစ်ခန်းတည်းအတူနေလို့ရလား။
လုံး၀ကို မနေစေချင်ဘူး။ အသက်ကြီးလို့ ပြုစုမယ်ဆိုရင်တောင် တစ်ယောက်ထဲကိုသာရွေးပီး ကျန်တဲ့သူတွေနဲ့ အထိအတွေ့ မလုပ်စေချင်ပါဘူး။
ကလေးငယ်လေးတွေကိုရော ဘာအားဆေးတိုက်သင့်လဲ။
ကလေးကို တိုက်နေကျ အားဆေးရှိရင် ပုံမှန်အတိုင်း တိုက်လို့ရပါတယ်။ ကိုဗစ်ရောဂါပိုး ကာကွယ်ရန်အတွက် သီးခြားအားဆေး ထပ်တိုက်ရန်မလိုပါ။ ယခုလို ကာလတွင် ကလေးကို အာဟာရစုံလင် မျှတစွာကျွေးရန် အထူးအရေးကြီးပါတယ်။
လည်ချောင်းနာနေတယ်၊ ဘာဆေးသောက်သင့်လဲ။ Azithro သောက်ရမလား။
လည်ချောင်း နာနေပါက ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းနိုင်ပါတယ်။ ရေများများသောက်ပါ။ အစာပျော့ပျော့စားပါ။ ဖုန်ထူ၊ သဲထူ၊ မီးခိုးငွေ့ ထူသော နေရာများကိုရှောင်ပါ။ ဆေးလိပ်သောက်သူဆိုပါက ဆေးလိပ်ဖြတ်ပါ။ လုံလောက်စွာအနားယူပါ။ Azithro အပါအဝင် ပိုးသတ်ဆေးများဟာ ဆေးယဉ်ပါးမှုအပါအဝင် ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် ဆရာဝန် ညွှန်ကြားမှုမပါဘဲ မသောက်သင့်ပါ။ Vitamin C နှင့် Zinc ပါတဲ့ Ceelin သို့မဟုတ် Ceelin Plus လိုဟာတွေ တိုက်လို့ရပါတယ်။ (အစာက အရေးကြီးဆုံးပါ။)
Oxygen ဘယ်မှာရနိုင်မလဲ။
အောက်ဆီဂျင်ရနိုင်သောနေရာများသည် နေ့စဉ်နှင့်အမျှ အပြောင်းအလဲရှိနိုင်သည်။ အတည်ပြုပြီးသော အောက်ဆီဂျင်ရနိုင်တဲ့နေရာများကို ကြည့်ရန် အောက်ပါ link သို့ဝင်ပါ။
oxygen.neptunemm.com
Dexamethasone ကိုဘယ်ချိန်မှာသောက်ရတာလဲ။
Dexamethasone သည် ဘေးထွက်ဆိုးကျိုးများသောကြောင့် ဆရာဝန် ညွှန်ကြားချက်မပါဘဲ မသောက်သုံးသင့်ပါ။ ကိုဗစ်လူနာတိုင်း Dexamethasone ပေးရန်မလိုပါ။ လူနာရဲ့ ရောဂါအခြေအနေနဲ့ ခံစားနေရသောလက္ခဏာများကို စမ်းသပ်စစ်ဆေးပြီးမှသာ မည်သည့် အချိန်တွင် Dexamethasone သောက်သင့်သည်၊ မည်မျှသောက်သင့်သည်ကို ဆရာဝန်က ဆုံးဖြတ် လမ်းညွှန်ပေးလေ့ရှိသည်။
ရေငတ်ရင်ရေပူတိုက်ရမလား ရေအေးတိုက်ရမလား။
လေ့လာချက်တွေအရ ရေပူ (သို့မဟုတ်) ရေအေးတိုက်ခြင်းက ကိုဗစ်ရောဂါပိုးအပေါ် တိုက်ရိုက် အကျိုးသက်ရောက်ခြင်းမရှိပါ။ ဒါကြောင့် လူနာ အလိုရှိရာကို တိုက်နိုင်ပါတယ်။ လူနာအနေဖြင့် လည်ချောင်းနာနေပါက ရေပူသောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။