ဘယ်လိုပိုက်အမျိုးစားနှင့်ရှုသင့်လဲ

အိမ်မှာ အောက်စီဂျင် ဘယ်လို ပေးကြမလဲ❗️
🔺ဘယ်သူတွေကို ပေးမလဲ
————————–
🔹မပြင်းထန်သောကိုဗစ်- အောက်စီဂျင် မလိုပါ
🔸အတော်အသင့်ပြင်းထန်သော ကိုဗစ်တချို့နှင့် အပြင်းစားကိုဗစ်- အောက်စီဂျင် လိုပါသည်….
🔺ပေးသင့်သော အချိန်
———————–
🔹အသက်ရှုနှုန်း ၂၄/ မိနစ် ထက်ကျော်လျှင်
🔹Pulse Oxymeter အဖြေ <92 (ယခင်က အဆုတ်ရောဂါရှိသူများတွင် နဂိုထဲက နည်းနေတတ်ပါသည်)
🔹အသက်ရှုရခက်လျှင်၊ လှုပ်ရှားတာနဲ့မောလျှင်
🔺ပေးရန်လိုအပ်သောပစ္စည်းများ
——————————–
🔹Pulse Oxymeter
🔹O2 cylinder ပစ္စည်းစုံ(သို့မဟုတ်)
🔹O2 Concentrator
🔹Nasal Prong
🔹Face Mask (လိုအပ်လျှင်)
🔺ဘယ်လောက်ခံမလဲ..ဘယ်လိုပေး
မလဲ
————————————–
🔸10 Lit Cylinder – ခေါင်းလုံပြီး စံနစ်တကျ သုံးလျှင် eg-2-3 L/ min ဆိုလျှင် ၂-၃ နာရီ ခံပါသည်
🔹O2 ရှားပါး၍ 92-95 ရလျှင် အဲဒီပမာဏကို ကျေနပ်ပြီး ဆက်ထားရမည့် အခြေအနေ ဖြစ်ပါသည်
🔹 <92 နှင့် အောက်ရောက်လျှင် စရှုပါ…2L/ min
🔹94-95 ရောက်လျှင် ထပ်မတိုးပါနှင့်
🔹ပြန်ကျလာလျှင် 3 L/min တိုးပေးပါ
🔹ထပ်ထပ်ကျလာလျှင် 1 L/min စီသာ ထပ်တိုးကြည့်ပါ.. စိတ်ပူပြီး အဆုံးထိ မတင်ပါနှင့်
🔹95 ရှိနေလျှင် ကျေနပ်ရမည့် အနေအထား ဖြစ်ပါသည်..ဒီထက် ပိုများအောင် ထပ်မတင်ပါနှင့်
🔹Nasal Prong ကို ပုံပါအတိုင်း နားနောက်ထည့်၊ မေးစေ့အောက် ပြန်ချည်၍ ခိုင်မြဲနေအောင် ထားပြီး ပေးပါ.. အပေါ်က mask အုပ်ထားလျှင် ပိုမြဲ ပိုဝင်ပါသည်
🔹ပေးရသည့် အခြေအနေသည် 5L/min အထိ ရောက်နေပြီဆိုလျှင် Mask ကို ပြောင်း၍ အုပ်ပြီး ပေးပါ
🔸O2 Concentrator အတွက်လည်း အထက်ပါ အတိုင်း ချိန်ဆပေးနိုင်ပါသည်
🔹တဖြည်းဖြည်း တိုးလာရပြီး 8-10 အထိ အခြေအနေမျိုး ဖြစ်ပါက reservoir ပါသုံးရတော့မည်ဖြစ်ပြီး ဆေးရုံသို့ အမြန်သွားသင့်ပါသည်
🔸20 L Cylinder များသည်လဲ အထက်ပါ အချိုးအတိုင်း အနည်းဆုံးပေးလျှင် ကြာကြာခံပြီး ပိုပေးလျှင် ၂-၃နာရီကြားသာ ခံပါမည်..
🔸40 L cylinder – အနည်းဆုံးပေးရင် ၅ နာရီခန့် ခံပါမည်.. အများဆုံး ပေးရင် ၄ နာရီခန့် ခံပါသည်
🔺ခံသောအချိန် ကွာခြားမှုသည် အောက်စီဂျင်အိုးတွင် ပြည့်ဝစွာ ပါရှိမှုနှင့် မိမိသုံးစွဲသော အတိုးအလျှော့ပေါ် မူတည်၍ ပြောင်းလဲမှု များစွာ ရှိသည်ကို သတိပြုပါ…ဤ post တွင် မှန်းဆ၍ ရရန်သာ ဖော်ပြပေးရခြင်းဖြစ်၍ သုံးစွဲသူနှင့် ပစ္စည်းပေါ် မူတည်၍ ကွဲလွဲမှု ရှိနိုင်ပါသည်

Face mask သုံးရာတွင် mask ပေါ်ရှိ လေထွက်ပေါက်ပွင့်နေရန် အရေးကြီးပါသည်။